Sunday, March 08, 2009

မြို့ပျက် ခရီးရှည်

နားခွင့်ပြုပါ

စာတမ်းပြုစုခြင်းတွေ ငါ့နေ့တာကို ၀ါးမြိုထားလို့

အားခွင့်ပြုပါ

အနာဂါတ်ခရီးစဉ်တွေ ငါ့အာရုံကို ရူးသွပ်စေလို့

ပြောခွင့်ပြုပါ

အဟောင်းဆိုတာမရှိရင် အသစ်တွေသာစိုးမိုးနေမယ်လို့


ခုတော့

နေ့…နေ့.. ည… ည

ငါ့ဘ၀မှာ မအားရတဲ့အထဲ

မင်းမို့ တမင်ဝင်နှောက်

ငါ့အိပ်မက်တွေ ကယောက်ကယက် ဖြစ်စေပြန်တယ်

အချစ်ဟောင်းရယ်…

အဲဒီမြို့ပျက်က ထွက်ချင်ပြီ…

မွန်းသက်ပန် (ဆေး-၁)

Print this post

6 comments:

hana san said...

ကဗျာလေး ကောင်းလိုက်တာ။

သြော်...သူက အိပ်မက်တွေ ကယောက်ကယက်ဖြစ်...ကိုယ်က အိပ်လိုက်တာ သိုးလို့ ..အဏုမြူဗုံးလာချတောင် နိုးမယ်မထင်မိဘူး။

သြော်...အချစ်ဟောင်းရယ် ကိုယ့်ကို အဲလောက်ထိ စွဲလန်းစေပါလားနော်။

Anonymous said...

ကျွန်တော်... မြို့သစ် တည်နေတယ်ဗျာ...

ခရောင်းလမ်း said...

လာလည်သွားပါတယ်.........
ကဗျာလေးကိုလဲ ခံစားတတ်သလောက်ခံစားသွားပါတယ်

မသက်ဇင် said...

ကဗျာလေးခံစားပြီးဖတ်သွားပါတယ်--မဇင်ဇင်

မွန်းသက်ပန် (ဆေး-၁) said...

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်....
ကျောင်းစာတွေနဲ့ အတော်လေး ရှုပ်နေတာမို့ ဘယ်ကိုမှမရောက် ဖြစ်ခဲ့တာ၊ အကြောင်းမပြန်ဖြစ်ခဲ့ တာတွေကို တောင်းပန်ပါတယ်။
နားလည်ပေးနိုင်မယ်ထင်ပါတယ်။

မွန်းသက်ပန်

ဟန်သစ်ငြိမ် said...

သောက်ခွင့်ပြုပါ
သူငယ်ချင်းတွေနဲ့ ဒီညနေချိန်းထားလို့

မူးခွင့်ပြုပါ
အယ်လ်ကိုဟောဓာတ်တွေ ငါ့အာရုံကို ရူးသွပ်စေလို့

အမြည်းစားခွင့်ပြုပါ
သောက်ချည်းပဲနေမယ်ဆို ရေချိန်ကိုက်သွားမှာ စိုးလို့

ခင်မင်စွာဖြင့်

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz