ရင်ထဲမှာ ဗလာကျင်းခဲ့တဲ့နေ့က
မနက်ခင်း ဆဲဆိုသံတွေ ရပ်စဲခံခဲ့ရတဲ့တစ်နေ့…။
ငါ့နှလုံးသား တစ်ခုလုံးက
မုဆိုးမတစ်ယောက်ရဲ့ အိမ်ခြံဝင်းလို
သန့်ရှင်းပေမယ့် အထီးကျန်နေဆဲ… ။
လွမ်းတယ်…
သံယောဇဉ် မြင်းရိုင်းကိုမှ
သူ့ဒေါသနဲ့ ခရီးနှင်ခွင့်ပြုတဲ့
ဆန့်ကျင်ဘက်တွေ ပေါင်းစပ်နေတဲ့ အဲဒီလူကို
ငါ့နှလုံးသားထဲက လွမ်းတယ်
နာနာကျင်ကျင်ပါပဲ …။
အရာအားလုံးဖြူစင်ခဲ့ပါတယ်
မောင်နှမကြားသံယောဇဉ် မျှင်တန်းတွေ
ယုံမှားစရာရှိခဲ့လို့လား
မခေါ်ဘဲလာတဲ့ ဧည့်သည်ရယ်
အဝေးမှာ တိတ်တိတ်နေမယ် ဆိုရင်တောင်
ငါတို့အတွက် သံယောဇဉ်နဲ့ဆိုတာ ….။
အပြုံးတွေနဲ့ကျင့်သား ရနေပေမယ့်
ငါဆိုတဲ့ ငါ့ရဲ့ဘ၀မှာ
ခေတ်သစ် မင်္ဂလာဆောင်တခုလို
အပြုံးတုတွေ မလိုဘူး
အားအား တိုင်း ပြောတတ်တဲ့ လူတွေဆီက
အမုန်းတွေလည်း မရှောင်လိုဘူး
ငါလိုချင်တာ ပွင့်လင်းတဲ့ခင်မင်မှု တစ်ခု…။
နာနာကျင်ကျင်ပါပဲ …။
အရာအားလုံးဖြူစင်ခဲ့ပါတယ်
မောင်နှမကြားသံယောဇဉ် မျှင်တန်းတွေ
ယုံမှားစရာရှိခဲ့လို့လား
မခေါ်ဘဲလာတဲ့ ဧည့်သည်ရယ်
အဝေးမှာ တိတ်တိတ်နေမယ် ဆိုရင်တောင်
ငါတို့အတွက် သံယောဇဉ်နဲ့ဆိုတာ ….။
အပြုံးတွေနဲ့ကျင့်သား ရနေပေမယ့်
ငါဆိုတဲ့ ငါ့ရဲ့ဘ၀မှာ
ခေတ်သစ် မင်္ဂလာဆောင်တခုလို
အပြုံးတုတွေ မလိုဘူး
အားအား တိုင်း ပြောတတ်တဲ့ လူတွေဆီက
အမုန်းတွေလည်း မရှောင်လိုဘူး
ငါလိုချင်တာ ပွင့်လင်းတဲ့ခင်မင်မှု တစ်ခု…။
မွန်းသက်ပန် (ဆေး၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၀၉ ခုနှစ် ဧပြီလ ၄ ရက်
Print this post
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၀၉ ခုနှစ် ဧပြီလ ၄ ရက်

2 comments:
ကျွန်တော်လည်း လွမ်းတယ် ...
လွမ်းစရာတွေဘာများကျန်နေသေးလဲ
ရှာရှာပြီးလွမ်းတယ်
လွမ်းပြီးရင်တော့ လမ်းလျှောက်ထွက်တော့မယ်ဗျာ ...
မမွန်းသက်ပန်ခင်ဗျား ကျွန်တော်တန်ခူးပါ..။
အစ်မရဲ့ကဗျာလေးတွေကိုဝင်ခံစားသွားပါတယ်..။
Post a Comment