Wednesday, May 06, 2009

အလင်း တံခါး

တိုးတိုးတိတ်တိတ်လေးပါ
မျက်ရည်တွေ ရင်ဘတ်ထဲ စီးဆင်းတဲ့အထိ

တစ်လောကလုံး မှားမှားယွင်းယွင်း မှန်ခဲ့ရတဲ့အချိန်။

သိုးသိုးသိပ်သိပ် ခံစားတတ်သူကိုမှ
မင်းသံသယ ရှိတုန်းဆို
အချိန်ဆိုတာကလွဲလို့ ပြဌာန်းစရာ မရှိပြန်ဘူး။



မျက်ဝန်းကလေး ဖွင့်စေချင်တယ်
အလင်းတံခါးပွင့်တဲ့ တစ်နေ့
အမှန်ကို မပြင်နိုင်ရင်တောင် မြင်နိုင်ရင် ကျေနပ်နိုင်ပါရဲ့။

တိုးတိုးတိတ်တိတ်ကလေးပါပဲ
အလင်းတံခါးပွင့်တယ်ဆိုတဲ့ တစ်နေ့
ဆွဲကူလို့ နှုတ်ပေးစမ်းပါ
ကျောပြင်မှာ စိုက်ဝင်နေခဲ့တဲ့ဓါးတွေ
နောင်တခါ အတွက်နေရာလေး ရှိအောင်ပေါ့...။ ။

မွန်းသက်ပန် (ဆေး-၁)

လောကအလှ အွန်လိုင်းမဂ္ဂဇင်း

မေ လ ၁ ရက် ၊ ၂၀၀၉ ခုနှစ်

Print this post

3 comments:

Anonymous said...

အမှန်ကို မပြင်နိုင်ရင်တောင် မြင်နိုင်ရင် ကျေနပ်နိုင်ပါရဲ့။
တဲ့
ဟုတ်ကဲ့ဆရာမရေ
အမှန်ကို မြင်လို့
မမှန်တာတွေကို ပြင်ဘို့ ကျိုးစားနေတဲ့ သူတွေ
မမှန်တာတွေကို
အမှန်လို့ ထင်နေတဲ့
အကြောင်းလေးလည်း
ကဗျာလေး တပုဒ်လောက်ရေးပေးနော်

မွန်းသက်ပန် said...

အများနဲ့အနဲပါရှင်

အလွဲတွေနဲ့လှနေတဲ့ ကမ္ဘာမှာ

ခံစားတတ်ပေမယ့်

ရေးဖွဲ့ဖို့တော့ ခက်နိုင်ပါရဲ့...

လေးစားလျှက်

မွန်းသက်ပန်

Anonymous said...

ဆရာမ စကားလုံးလေးတွေက လှပါတယ်
အလွဲတွေနဲ့ လှနေတဲ့ ကမ္ဘာတဲ့
အဲဒါလည်း ကဗျာတပုဒ်ပါဘဲ

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz