Sunday, June 28, 2009

ကျမရဲ့ ဖေဖေ

ဇွန် လ ရဲ့ ဒီရက်ကလေးကိုရောက်တိုင်း ပို့စ်တခုတင်ချင်စိတ်ကို ဘယ်လိုမှတားမရတဲ့ ကျမမွန်းသက်ပန် တယောက် ဒီနေ့မနက်လည်း ပိုစ့်လေးတစ်ခုတော့ တင်ထားချင်ပါတယ်။

ညဦးပိုင်းက ဖေဖေ အွန်လိုင်းတက်လာမလား လို့ မျှော်နေခဲ့ပေမယ့် တက်မလာနိုင်ခဲ့လို့ မနက်ဖန် အစီအစဉ်တွေကို ကျမမသိနိုင်ပေမယ့် ဖေဖေ ကျမတို့ မောင်နှမတွေကို လွမ်းနေမယ်ဆိုတာ သေချာခဲ့ပါတယ်။

တကယ်တော့ ဖေဖေ ဘယ်နှစ်နှစ်ပြည့်ပြီလဲလို့ ကျမတို့ မောင်နှမတွေ မမေးဖြစ်ခဲ့တာ အတော်လေး ကြာခဲ့ပါပြီ။ ဖေဖေ့ရဲ့ မွေးနေ့မှာ ကျမတို့ မောင်နှမတွေ အားလုံးမတိုင်ပင်ရပါဘဲ စိတ်ထဲစွဲမှတ်ခဲ့လို့ ဖေဖေဟာ ခုထိ အဲဒီအသက်ကနေ မတက်ပဲ ကျမတို့ရင်ထဲမှာ အမြဲနုပျိုဆဲ ရှိနေခဲ့ပါတယ်။


ကျမဆင်ပေးတဲ့ ကျွဲကော်ကိုင်း မျက်မှန်ကိုမှ တပ်တတ်တဲ့ဖေဖေ။


ကျမ လိုက်ပို့ပေးတဲ့ ဆံပင်ညှပ်ဆိုင်ကိုမှ ကျမနဲ့အတူသွားပြီး ညှပ်ချင်တဲ့ဖေဖေ။


ကျမ ၀ယ်ပေးတဲ့ အကျီကိုမှ သူငယ်ချင်းတွေကြား ခပ်ကြွားကြွားလေး ၀တ်ချင်တဲ့ဖေဖေ။


ဘယ်လောက်ပဲ နေမကောင်းဖြစ်ဖြစ် ကျမဆေးရုံက ပြန်အလာကိုစောင့်ပြီး ကျမကို အရင်ပြောချင်တဲ့ဖေဖေ။


ဆယ်စုနှစ်များ စွာခြားတဲ့ကြားက ကျမရဲ့ ရင်ခုန်သံတွေကို နားထောင်ပေးတတ်တဲ့ဖေဖေ။


ဒီမွေးနေ့လေးမှာလည်း မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အတူ ပျော်နိုင်ပါစေလို့ ဆုတောင်းရင်း ကျမရဲ့ ချစ်ခြင်းတွေကို နီးခြင်းဝေးခြင်းတွေက ဘာသက်ရောက်မှုမှ မဖြစ်နိုင်ဘူးဆိုတာ ဖေဖေ သိစေချင်ပါရဲ့လေ။


မွန်းသက်ပန် (ဆေး-၁)

Print this post

5 comments:

Anonymous said...

ဆရာမ
လာဖတ်သွားပါတယ်
ဆရာမက ဖေဖေ အကြောင်းဘဲ ပြောတတ်တယ်လို့သတိထားမိတယ် မေမေ အကြောင်း မပြောဘူးဘူး
ဖေဖေ ကိုတော်တော်ချစ်မယ့်သမီးနော်
ဇော်ထွန်း

Anonymous said...

very coincidence. Today is ko nayphonelatt's birthday also. Happy Birthday to ko nayphonelatt and your father!

Anonymous said...

ဇင်ရေ
Uncle မွေးနေ့ပို့စ်လေးလာဖတ်သွားတယ်။
သမီးတွေကိုချစ်တဲ့ အဖေ ရော အဖေကိုချစ်တဲ့သမီးတွေရော ကျန်းမာပျော်ရွှင်ပါစေ.......
မမောင်

Anonymous said...

happy b-day dad.
thar thar

မွန်းသက်ပန် said...

အားလုံးကိုကျေးဇူးတင်ပါတယ်
ကိုသားနဲ့ မမောင်လည်း ကျေးဇူး။ ( ရောရေးလို့ ရတုန်း ရေးလိုက်ဦးမယ် ။ ဟီးး)

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz