Sunday, August 02, 2009

Migratory Doctor

ဒီရက်တွေမှာ အမိမြေနဲ့ ဝေးသထက်ဝေးလာလို့ အနည်းငယ် ကြောက်ရွံ့နေပေမယ့် အားအင်တချို့တော့ ကျမမှာ ရှိနေခဲ့ပါတယ်။ မဖွံ့ဖြိုးသေးဘူးဆိုတဲ့ ဒေသဟာ ဘယ်လောက်တောင် မဖွံ့ဖြိုးဘဲ ကျမကို ကြိုဆိုမယ်ဆိုတာ မှန်းဆလို့ မရနိုင်သေးတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်တချို့တော့ ကြံ့ခိုင်နေသင့်တယ် မဟုတ်လား။ ငယ်ငယ်ကတည်းက ခရီးသွားရမှာ ကြောက်လို့ အိမ်မှာပဲ အချိန်ကုန်ခဲ့ဖူးတဲ့ ကျမဟာ ခုတော့ ပြောင်းရွှေ့ဆရာဝန် တစ်ယောက်အဖြစ်နဲ့ ခရီးဆောင်အိတ် ခပ်ကြီးကြီးတစ်လုံးကို မနိုင်မနင်း လွယ်တတ်ခဲ့ပါပြီ။

ကင်မရာကိုင်ပြီး ကမ္ဘာပတ်ချင်တယ်ဆိုတဲ့ တစ်ချိန်က ကျမနားမှာ ရှိခဲ့ဖူးသူတစ်ယောက်ကို သတိရမိပြန်တော့ သူဘယ်တော့မှ မမှန်းဆခဲ့တဲ့ ကျမရဲ့ ပြောင်းလဲမှုတွေကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူရွေးချယ်ပေးခဲ့တဲ့ ကျမဘ၀အတွက် လည်း သူ့ကိုသတိတရနဲ့ ကျေးဇူးတင်ချင်မိတယ်။

ဘ၀တစ်လျှောက်လုံးမှာ ကျမ လုပ်ချင်တဲ့ အရာတိုင်းကို ပူပင်ကြောင့်ကျပြီး “စိုးရိမ်တယ်။ မသွားစေချင်ဘူး။ ” စတဲ့ နှောင်ကြိုးတွေ နဲ့ချည်နှောင်မှုမလုပ်တတ်ဘဲ ကျိုးကြောင်းဆပ်စပ်တဲ့ စကားဝိုင်းတစ်ခု မိသားစုဆွေးနွေးပွဲလေး နဲ့အတူ ကျမလုပ်ချင်တာကို ပံ့ပိုးပေးခဲ့တဲ့ ကျမရဲ့မိသားစုကလေးကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒီလိုမိသားစုကလေးသာ မရှိခဲ့ရင် မွန်းသက်ပန် ဆိုတာလည်း ဖြစ်လာမှာမဟုတ်ပါဘူးလေ။

အမှတ်တရ

မွန်းသက်ပန် (ဆေး -၁)

Print this post

4 comments:

khin oo may said...

ဆက်စောင့်ဖတ်နေပါ့မယ်

ကိုကိုခိုင် said...

ဒေါက်တာ ရဲ့  မွန်မြတ် တဲ့ စိတ်ထားတွေဟာဘယ်အရာ နှင့်မှ နှိုင်းလို့ မရနိုင်ပါဘူး
ဗျာ လေးစားပါတယ် ဒေါက်တာရယ်

အနောက်ပိုင်းသား
ကိုကို ခိုင်

Steve Evergreen said...

my first visit as far as I remember

Orange Chit Thu said...

"ကင်မရာကိုင်ပြီး ကမ္ဘာပတ်ချင်တယ်ဆိုတဲ့ တစ်ချိန်က ကျမနားမှာ ရှိခဲ့ဖူးသူတစ်ယောက်ကို သတိရမိပြန်တော့ သူဘယ်တော့မှ မမှန်းဆခဲ့တဲ့ ကျမရဲ့ ပြောင်းလဲမှုတွေကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"....
It's true...
He will be understand whatever you do...coz u r doing the right way...
I really appreciate of ur mind & kindness to others, especially to him...

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz