Saturday, September 26, 2009

ချစ်ခြင်းရိပ်

တခါလောက်တော့ ပြန်သွားချင်မိရဲ့

ချစ်ခြင်းဖွဲ့ မေတ္တာရိပ်တွေဆီကို

အတိတ်မဟုတ်တဲ့ လတ်ဆတ်ခြင်းတွေနဲ့

အပြစ်ကင်းတုန်းကလို ပေါ့ပေါ့ပါးပါး

သောင်ပြင်ပေါ် ထိုင်ပြီး ပုံဆွဲခဲ့ကြတုန်းကလို

တောင်တွေကိုကျော်ပြီး ခရီးနှင်တုန်းကလို

အရာရာကို ဖြူစင်ချင်တုန်းပဲ

ရင်မှာသာ ဒါဏ်ရာတွေက အပြည့်...

မွန်းသက်ပန် (ဆေး ၁)

Print this post

4 comments:

ထိုက်ဦး said...

ဘာဒဏ်ရာလဲသိချင်လိုက်တာ

phiamphu said...

ဒေါက်တာက သူများနိုင်ငံ မှာတာဝန်ထမ်းဆောင်ရတာဆိုတော့ တော်တော်လွမ်းရှာမှာဘဲ နော်။ကိုယ့်တိုင်းပြည်ထက်ဘယ်တိုင်းပြည်မှ မကောင်းပါဘူးဒေါက်တာရယ်။
နှစ်သိမ့်လျှကါ
ကိုကိုခိုင်
လန်ဒန်

twinpoe said...

လာလည်ပါတယ်ဆရာမ။ အဆင်ပြေကျန်းမာပါစေ။

ဇော်ထွန်း said...

ချစ်ခြင်းဖွဲ့ မေတ္တာရိပ်ဆိုတာ
အိမ်မက်တွေထည်းမှာပေါ့
အရာရာကို ဖြူစင်ခဲ့ချင်ပေမယ့်
နှလုံးသားကို
ဘယ်သူတွေက အရောင်ဆိုးခဲ့ပါသလည်း
နှလုံးသားက ဒါဏ်ရာ
နာနေတုန်းပါဘဲ ဆရာမရယ်

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz