တခါက အဲဒီတခဏတွေ…
ဇရာကိုငါမတားနိုင်ခဲ့သလို
သကာဖုံးတာလည်း မင်းမမြင်နိုင်ခဲ့
ခုတော့ …
သံတိုင်ကွယ်မှာ ကဗျာစပ်ဆိုတဲ့အချိန်
မြိုင်ရာကိုခွာပြီး ငါခရီးထွင်ခဲ့ရပြီ
ပြန်မဆုံချင်ဒါပေမယ့် သတိရနေမိတယ်
အိမ်အပြင်မှာ မီးထွန်းခဲ့ကြတဲ့
ငါတို့ရဲ့ သီတင်းကျွတ်ညတွေ…
မွန်းသက်ပန် (ဆေး-၁ )

3 comments:
ဆရာမရယ်
သီတင်းကျွတ်ရဲ့ညတွေ
ဘယ်တော့များမှ ပြန်ဆုံနိုင်ပါ့မလည်း
မရေ....မကိုထူးထူးခြားခြားသတိရနေလို့
ဝင်လာဖတ်ပြီး Comment ရေးခဲ့ပါတယ်။
"ပြန်မဆုံချင်ဒါပေမယ့် သတိရနေမိတယ်"....
အဲဒီအတိုင်းပဲကောင်းပါတယ်လေ။
တစ်ချိန်ကအကောင်းဆုံးတွေ ရခဲ့တယ်လို့ပဲ .....
တွေးပေါ့နာ်။ အမပျော်ရွှင်ပါစေ။
ကဗျာလေးကောင်းတယ်...
Post a Comment