Thursday, November 05, 2009

ကျမနှင့် ဘ၀တစ်ကွေ့

အလုပ်ကိစ္စတွေပြီးလို့ အနားယူရတဲ့ရက်တွေမှာ ကျမရှိခဲ့တဲ့နေရာကလေးကို အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။


ဘ၀ရဲ့တဆစ်ချိုးမှာ ကျမစွန့်ခဲ့ရတာတွေအများကြီးရှိပေမယ့် စွန့်လွှတ်ခြင်းနောက်ကွယ်က အနှောင်အဖွဲ့ကင်းတဲ့ ကျမရဲ့လူမှုရေးအလုပ်တွေအတွက် ကျမကို စွန့်ခဲ့သူတယောက်ကို ကျမပိုလို့ ကျေးဇူးတင်မိပါတယ်။

ကျမရဲ့ မိသားစုကလေးအပြင် ကျမချစ်တဲ့ ကလေးတွေ ရှိနေသ၍ ကျမဘ၀ ကျမညက ဘယ်တော့မှ အထီးကျန်မဆန်နိုင်ပါဘူး။

Print this post

6 comments:

mm thinker said...

အခြားတဖက်မှာ အဓိပ္ပာယ် ရှိတဲ့ စာမျက်နှာတွေ ရှိပါတယ်၊

အဲဒါကို ရှာတွေ့တဲ့အတွက်လည်း ချီးကျူးအားပေးနေပါတယ်။

သင်ကာ

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော်သေချာလာဖတ်သွားခဲ့ပါတယ် ဆရာမ

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဆရာမ
ကျွန်မ နဲ့  မွန်းသက်ပန် ဆိုတာ ကလစ်တာ ဘာမှလည်းပေါ်ဘူး

phiamphu said...

ဒေါက်တာကို မေးချင်တယ်.
မဲမဲ တုန်းတုန်းကလေးတွေကို ပြုစုရ တာ စိတ်ထဲ ဘယ်လိုနေလဲ ဟင်....
ဗမာပြည်က ကလေးတွေနှင့်ဘာတွေကွာခြားလဲ ဟင်
စပ်စုတယ်လို့ မထင်ပါနှင့် သိချင်လို့ ပါနော်
လေးစားတဲ့ 
ကိုကိုခိုင်
အော်စလို

မွန်းသက်ပန် said...

စိတ်ညစ်တိုင်း အမြဲအားပေးတတ်တဲ့ ကိုသင်ကာ၊ ကျမစာတွေကို အမြဲအားပေးတတ်တဲ့ ကိုတိုးကြီးနဲ့ ကိုကိုခိုင် ကိုကျေးဇူးတင်ပါတယ်။

ကိုကိုခိုင်... အသားဖြူဖြူမဲမဲ ကလေးတွေဟာ ကျမအတွက်တော့ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့သူလေးတွေပါပဲ။ အရမ်းဆိုးလာရင်တော့ ငယ်ငယ်တုန်းကလို စိတ်ဆွဲချင်တာပါပဲ ။ :P
ရန်ုကုန်ဆေးခန်းကတည်းက ကလေးတွေဖျားရင် ကျမဆေးခန်းကိုပဲ လာချင်တဲ့ သမိုင်းခံရှိတာမို့ ဒီမှာလည်း ကလေးတွေ မကြောက်မရွှံ့နဲ့ ကျမမွန်းသက်ပန် ဆီကို လာတတ်ကြတာ သိပ်တော့မဆန်းပါဘူး။ ကလေးဆရာဝန်ဖြစ်ဖို့ဆိုတာကတော့ လိုတာထက်ပိုတတ်တဲ့ အချစ်သည်းတဲ့ မိဘတွေကို သည်းခံနိုင်ဖို့ မသေချာတာမို့ ကျမဘယ်တော့မှ မစဉ်းစားမိခဲ့ဘူးလေ။
အာဖရိက သားတွေရဲ့ ကိုယ်နံ့က အရမ်းပြင်းကြပေမယ့် ကလေးတွေမှာတော့ မသိသာသေးပါဘူး။

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

aung said...

ဆရာမရေ
ဆီးလမ်းကြောင်းပိုးဝင်ရင်ဘယ်လိုနေရမယ်.ဘာတွေဖြစ်တယ်ဆိုတာလေးတွေသိချင်ပါတယ်...
ဆရာမ အားရင်အဲဒီအကြောင်းအရာလေးတင်ပါနော်။

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz