Thursday, November 12, 2009

တောင်ပေါ်မြို့ မိုးရာသီ

တောင်ပေါ်မြို့ကလေးရဲ့ မိုးရာသီက ကျမကို မတုန်လှုပ်စေပေမယ့် ကျမရဲ့ကွန်ပြူတာလေးကို အင်အားပေးနေတဲ့ ကြိုးကလေးကိုတော့ ၀ါးမြိုသွားခဲ့ပါတယ်။

တကယ်ကို လျှပ်တပျက်ပါပဲ။ ချက်တင်ဝင် ရတာကို ၀ါသနာမပါပေမယ့် စိတ်ကူးရရင် ရသလို စာရေးချင်တဲ့ ကျမမွန်းသက်ပန် အဖို့တော့ ခြေလက်တွေ ရိုက်ချိုးခံလိုက်ရသလိုဖြစ်တာမို့ အတော်လေး အနေရခက်နေဆဲပါဘဲ။ နှစ်ပတ်တာ လုပ်အားပေးအဖြစ် ရောက်နေခဲ့တဲ့ နယ်ဆေးရုံကလေးမှာ ဆရာဝန်နဲ့ ကျန်းမာရေးလုပ်သား ရှားပါးလှတာကကြောင့် ကျမရဲ့ အဓိကတာဝန်ဖြစ်တဲ့ ကိုယ်ခံအားကျဆင်းမှုရောဂါနဲ့ အသက်ရှင် နေရသူတွေကို ပြုစုစောင့်ရှောက်ရတဲ့ ဆရာဝန်တစ်ယောက် အဖြစ် သာမက၊ ဆေးရုံ ward round နဲ့ ဓါတ်ခန်းခွဲလေးမှာပါ ကူညီဖို့ တာဝန်ပိုအဖြစ်ယူဖြစ်တာမို့ နေ့ဘက်တွေမှာ ကျမကွန်ပြူတာလေးကို လွမ်းဖို့အခွင့် သိပ်မရခဲ့ပါဘူး။ ဒါကြောင့် ခုလိုညဘက်ရောက်ခါမှ ဆေးရုံ ကွန်ပြူတာဌာနမှ ငှားပေးတဲ့ adaptor cable လေးနဲ့ ကျမမွန်းသက်ပန်တယောက် report တွေရေး၊ ဘလော့တွေ လည်ပတ်ရင်း ကျမရဲ့ ကြိုးအဟောင်းလေးကို နှမျောတသမိနေမိတော့ တာပါပဲ။

ဒါကြောင့် ဒီရက်တွေမှာ ကွန်မန့်တွေကို မတုန့်ပြန်နိုင်ခဲ့ဘူးဆိုရင် ကျမမွန်းသက်ပန်ကို နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ နောက်ထပ်ကြိုးအသစ်တစ်ချောင်း ရောက်လာတဲ့အထိ ဒီဆေးရုံကလေးကနေ ကျမမျှော်နေယုံကလွဲလို့ တခြားလမ်းမရှိနိုင်တဲ့ အခြေအနေမို့လို့ပဲ ပြောရမယ်ထင်ပါရဲ့ …

လေးစားလျှက်

မွန်းသက်ပန် ( ဆေး-၁)

Print this post

6 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဆရာမခုရောက်နေတဲ့ မြို့ လေးက မြို့ ကြီးနဲ့  တော်တော်ဝေးမယ်ထင်တယ်နာ် လာဖတ်သွားပါတယ်

ဦးကောဝိဒ(မြိတ်) said...

ဒိဆိုက်လေးကို အခုမှ လာဖြစ်တယ်၊ နောက်လဲ မကြာ မကြာ လာလည်မှာပါ၊ ဒါကြောင့် လင့်ခ်ယူထားလိုက်ပီ၊
စိတ်ထားမြင့်မြတ် ဖြူစင်မှုဟာ
လူသားတိုင်းရဲ့ ဘ၀အလှရတနာတစ်ခုဖြစ်သလို
မိမိနဲ့ဆက်နွယ်နေတဲ့ ပတ်ဝန်းကျင်ကိုလည်း
လှပလာစေတယ်၊အေးချမ်းလာစေပါတယ်၊
ပဒုမ္မကြာများဟာ နေရောင်ခြည်ကြောင့် ရှင်သန် ကြရသလို
မွန်းသက်ပန်ဆိုတဲ့ နေရောင်ခြည်ကြောင့် သူတို့လေးတွေ ရဲ့ဘ၀ ရှင်သန်လင်းလက်နိုင်ကြမှာပါ

phiamphu said...

ဒေါက်တာ ပြတ်သွားတယ် ဆို တဲ့ ကြိုး က ဘယ်လို ကြိုးမျိုးလည်းဟင်...ဆရာဝန်တစ်ယောက်တောင်းညည်း
ညူ ရတဲ့  ကြိုးဆိုတော့တော်တော်တန်ဘိုးရှိမှာဘဲ...
အမျိုးအစားပြောပြနိုင်မလားဒေါက်တာ..
ဒီမှာတော့သိပ်ဈေးတော့မကြီးလောက်ဘူးထင်တယ်။။။
လေးစားစွာဖြင့်
ကိုကိုခိုင်
အော်စလို

မွန်းသက်ပန် said...

ကျေးဇူးတင်ပါတယ် ကိုကိုခိုင်
သူငယ်ချင်းတွေကနေတဆင့် မှာထားလိုက်ပါပြီ
အလှမ်းဝေးတာကြောင့် မရောက်နိုင်သေးတာပါ
လေးစားလျှက်
မွန်းသက်ပန်

Nge Naing said...

မွန်းသက်ပန်ရေ လာဖတ်သွားပါတယ်။ အခုမှ ကျောင်းပိတ်လို့ အခုမှ ရောက်ပါတယ်။

မွန်းသက်ပန် said...

ကျေးဇူးပါ မငယ်နိုင်..
ညီမလည်း အလုပ်ကိစ္စတွေနဲ့ တောက်လျှောက် ခရီးထွက်နေရတုန်း

လေးစားလျှက်
မွန်းသက်ပန်

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz