Thursday, December 31, 2009

နှစ်သစ် ကူးပြီကွယ်





နှစ်သစ်ကူးပြီကွယ်...
ချစ်ဦးသူလည်း ပျော်နိုင်စေဖို့
မချစ်ဘူးဆိုလည်း တော်ရာနေလို့
အလွမ်းဆိုတာ ချစ်တတ်မှခံစားနိုင်တာမို့
ကျေနပ်စွာ လွမ်းတတ်ဆဲလေ
နာကျင်ခြင်းတွေ နှစ်ဟောင်းမှာချွေချထားခဲ့

Print this post

8 comments:

Nge Naing said...

မွန်းသက်ပန်ရေ
အစ်မလည်း နာကျင်ခြင်းတွေ နှစ်ဟောင်းမှာ ထားခဲ့တယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

နှစ်သစ်ကူးပြီကွယ်
ချစ်ဦးသူ ပျော် မပျော်မသိပေမယ့်
ချစ်ဘူးသူ (ကျွန်နော်) တော်ရာမှာနေလို့ 
အလွမ်းဆိုတာ မကြားရဲတော့ပါဘု
မချစ်တတ်လို့ တော့ မဟုတ်ရပါဘူး ဆရာမရယ် ။
အလွမ်းတွေ နဲ့  ပန်းခရေတွေကို
နှစ်ဟောင်းမှာ ထားခဲ့ချင်ပေမယ့်
အလွမ်းတွေကိုမှ လွမ်းချင်သူတယောက်ပေမို့ 
မြတ်နိုးစွာ ရင်မှာသိမ်းပါလို့ 
ကျေနပ်စွာ တသက်တာဖြင့်
လွမ်းခွင့်လေးတော့ပေးပါဆရာမရယ် ။ ။
ခင်မင်စွာဖြင့်

Nge Naing said...

မွန်းသက်ပန်ရေ Face book ရှိရင် add လုပ်လိုက်ပါလား အစ်မ Confirm ပြန်လုပ်လိုက်မယ် ဒါမှမဟုတ် မေးလ်လိပ်စာလေး C-Box မှာ ထားခဲ့ပါ အစ်မဖိတ်လိုက်မယ်။ ညီမ မေးလ်လိပ်စာ အစ်မမှာ မရှိဘူး။ အစ်မ g-mail လိပ်စာကတော့ ngenaing2008@gmail.com ပါ။
နှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝပါစေ။

phiamphu said...

နှစ်သစ်ကူးပြီကွယ်.ခုလောက်ဆို ဒို့ ပြည်ကြီးမှာလူတွေ
ပျော်နေကြမယ်။ဒီမှာတော့ဖြင့်ဗွက်လောက်များတဲ့ ရေခဲ
တွေနှင့်လုံးထွေးနေရတယ်.
ဒေါက်တာ မြန်မာပြည်ပြန်သွားတယ်ဆို...
အစဉ်ပြေခဲ့  ရဲ့ လား
နှစ်သစ်ကူးပြီကွယ် .ဥရောပ ရဲ့ ဆောင်းရာသီကတော့
ချမ်းအေးသည်ခိုက်ခိုက်တုန်စောင်ခြုံ လို့ မနွေးသည်
ပေါ့ဗျာ...အယ် စောရီး..ဒေါက်တာ ကွန်မင့် နှင့်ဘာ
ဆိုင်လို့ လည်ူးူ.....
ခင်မင်လျှက်
ကိုကိုခိုင်

Orange Chit Thu said...

မ....
2010 မှစပြီး နောင်နှစ်ပေါင်းများစွာ အမြဲတမ်းပျော်ရွှင်ရပါစေနော်...

အိမ့်ချမ်းမြေ့ said...

မလေး လာနှုတ်ဆက်ပါတယ်..
ပျော်ရွှင်အဆင်ပြေလျှက်..စာတွေများကြီးဆက်ရေးနိုင်ပါစေနော်

ခင်မင်လေးစားလျှက်..
မလေး

ချော (အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာနှစ်သစ်ဖြစ်ပါစေလို့ လာနှုတ်ဆက်တာပါ...
အခုထက်ပိုပြီးစာတွေ အများကြီးရေးနိုင်ပါစေနော်..
စိတ်ဆန္ဒအားလုံးလဲပြည့်စုံပါစေ

မွန်းသက်ပန် said...

မငယ်နိုင်... မင်္ဂလာနှစ်သစ်ပါ facebook မှာလက်ခံပေးလို့လည်းကျေးဇူးပါ။

ကိုတိုး... လွတ်လပ်စွာလွမ်းခွင့်ပေးပါတယ်။ :P နှစ်သစ်မှာပျော်ရွှင်ပါစေရှင်။

ကိုကိုခိုင်... ရှိတဲ့စောင်နဲ့မနွေးရင် နောက်ထပ်ဝယ်ပေါ့ရှင်။ မြန်မာပြည်မပြန်ပါဘူး။ အာဖရိက ထဲမှာ ခရီးထွက်နေတာပါ။ ပျော်ရွှင်ပါစေ။

orange chit thu .. ညီမလေးလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေကွယ်။

အိမ့်ချမ်းမြေ့ ... ကျေးဇူးမလေးရေ။ မလေးစာတွေလည်းဖတ်ဖြစ်ပါတယ်။ ဘာမှမရေးထားဖြစ်ခဲ့တာပါ။

ချော... ပေးတဲ့ဆုတဲ့ပြည့်ပါစေ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်...

ချစ်ခင်လျှက်
မွန်းသက်ပန်

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz